ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?

ကြော်ငြာတစ်ခုရေးတဲ့အခါ အကြမ်းဖျင်း ခြောက်ပိုင်းရှိပါတယ်။​
၁။ ခေါင်းကြီးပိုင်း Headline
၂။ နိဒါန်း Introduction
၃။ စာကိုယ် Body
၄။ အကူးအပေါင်း Transition
၅။ အရောင်း Call to Action
၆။ ရုပ်ထွက် Visual
ဒီခြောက်ခုထဲမှာ အရေးအကြီးဆုံးကတော့ ရုပ်ထွက် Visual ဖြစ်ပါတယ်။ ၆၀% အရေးပါပါတယ်။ သုတေသနတွေအရ ကလေးပုံပါရင် လူတွေသတိပိုပြုမိတာ၊ reaction ပုံတွေပါရင် click ပိုနှိပ်တယ်လို့ဆိုကြပါတယ်။
ဒုတိယကတော့ ခေါင်းကြီးပိုင်းပါ။ ခေါင်းကြီးပိုင်းရေးနည်းတွေ အများကြီးရှိပါတယ်။​ အလွယ်ကူဆုံးပြောရရင် BWO ပါ။ Benefit without obstracles လို့ခေါ်ပါတယ်။ ဥပမာ Diet Plan ကြော်ငြာတစ်ခုအနေနဲ့ “လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျချင်ပါသလား။” ဒါမျိုးသုံးလို့ရပါတယ်။ ဝိတ်ကျတာက = Benefit, လေ့ကျင့်ခန်းလုပ်တာ = Obstracle (သူရှောင်ရှားချင်တဲ့အရာ)
တတိယကတော့ Introduction မိတ်ဆက်နိဒါန်းဖြစ်ပါတယ်။ Conversation ပုံစံသွားရင် ဝယ်တဲ့နှုန်းပိုများပါတယ်။​​ ဒါကြောင့် စကားပြောပုံစံက စကားပြေပုံစံထက် ပိုရောင်းရပါတယ်။ အကြောင်းကတော့ စကားပြောပုံစံက personal ပိုဖြစ်တဲ့အတွက်ဖြစ်တယ်။
စတုတ္ထကတော့ Body ပါ။ ဒီအပိုင်းမှာ စာကိုယ်အပိုင်းမှာ ကိုယ်ကုန်ပစ္စည်းရဲ့ Features and Benefits တွေ၊​ ပါဝင်ပစ္စည်း contents တွေအကြောင်းပြောလို့ရပါတယ်။​
ပဥ္စမကတော့ Transition ဖြစ်ပြီး ဒီအပိုင်းမှာ ကိုယ့်ဖောက်သည်တွေ စိုးရိမ်နေတဲ့အကြောင်းတွေကို objections handling ကြိုလုပ်ပေးတာဖြစ်ပါတယ်။ ဥပမာ “ဒီပစ္စည်းကို ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးမေးနိုင်ပါတယ်။” “ကျွန်တော်တို့ ဒီပစ္စည်းကတော့ FDA နဲ့ ကျန်းမာရေးထောက်ခံချက် __ အစရှိတာတွေကို ရထားတဲ့အတွက် ဘေးကင်းစွာသုံးစွဲလို့ရတဲ့အပြင်” ” ဘယ်သူတွေကတော့ သုံးပြီး ဘယ်လိုပြောထားတယ်ဆိုတဲ့ Testimonial တွေ review တွေထည့်လို့ရပါတယ်။”
နောက်ဆုံးအဆင့်ကတော့ Call To Action ပါ။ ဒီမှာဆိုရင် စျေးနှုန်းပြောပြီးရောင်းတဲ့အဆင့်ပါ။ ဒီအဆင့်မှာဆိုရင် Scarcity လို့ခေါ်တဲ့ ပစ္စည်းတွေ အရမ်းရောင်းရကြောင်း၊ သိပ်မကျန်တော့ကြောင်း အစရှိတဲ့ techniques တွေနဲ့ လူတွေအမြန်ဝယ်အောင်လုပ်တာတွေ၊ နောက် Price Anchoring လို့ခေါ်တဲ့ မူရင်းဘယ်လောက် အခုဘယ်လောက်ဆိုတဲ့ နည်းစနစ်တွေအသုံးပြုပြီးရောင်းချတဲ့အဆင့်ဖြစ်ပါတယ်။​
ကြော်ငြာတစ်ခုရဲ့ရည်ရွယ်ချက်က ရောင်းဖို့ဖြစ်ပါတယ်။ စာရေးပြီးရောင်းရောင်း၊ Video နဲ့ရောင်းရောင်း ဒီနည်းစနစ်နဲ့သွားလို့ရပါတယ်။​

Sapwar.com
Marketing System for Sustainable Growth

 

Please Login to ကြော်ငြာတစ်ခု ဘယ်လိုရေးမလဲ?

or