ကျွန်တော်နဲ့ မားကတ်တင်း

ကျွန်တော်နဲ့ မားကတ်တင်း2005 တက္ကသိုလ်တက်တော့ ကျောင်းတက်ရင်းနဲ့ အရောင်းအဝယ်တွေလုပ်ဖြစ်တယ်။ အားတဲ့အချိန် Guide သင်တယ်။ အရောင်းအဝယ်လုပ်တဲ့အချိန်၊ ကိန်းဂဏန်းတွေကို အဓိကတွက်ချက်ရတယ်။ကျောင်းပြီးတော့ အလုပ်သင်ဆရာဝန်နှစ်မှာ စာဖတ်တဲ့ e-reader တွေစရောင်းတယ်။ ရောင်းတဲ့အချိန်မှာ စျေးကွက်အသစ်လဲဖြစ်တော့ ဆိုင်တွေက မဝယ်ရဲကြသလို ကိုယ်နဲ့သိတဲ့လူတချို့ကပဲ ဝယ်ကြတယ်။ အဲ့တော့ ဆိုင်တွေမှာ ပစ္စည်းတင်တဲ့ consignment စနစ်ကို စတင်လုပ်ဆောင်ရတယ်။ ငွေတွေ အိပ်တယ်။ အဲ့မှာ စပြီး လူတွေရဲ့အပြုအမူ၊ တွေးခေါ်ပုံတွေကို လေ့လာဖို့ အရေးကြီးတယ်ဆိုတာ သိလာတယ်။ကိုယ်ရောင်းချင်တဲ့ ပစ္စည်းကို စျေးကွက်က လိုအပ်နေလား၊ လိုချင်နေလားသိအောင်လုပ်ဖို့ လိုတယ်ဆိုတာ နားလည်လာတယ်။ ဒါနဲ့ Internet တွေခေါက်မွှေနှောက်ကြည့်တယ်။ ဒီလို လူတွေဘာတွေလိုချင်လဲ၊ ဘာတွေလုပ်အပ်လဲဆိုတဲ့ needs and wants ကို သိအောင်ရှာဖွေဖော်ထုတ် ခန့်မှန်းနိုင်ဖို့ လုပ်တဲ့အရာကို စျေးကွက်သုသေသနလုပ်တယ်လို့ခေါ်တယ်တဲ့။ Market research တဲ့။ ဒီလို စျေးကွက်လိုအပ်ချက်တွေရှိတာသေချာပြီဆို စျေးနှုန်းဘယ်လိုသတ်မှတ်မယ်၊ဘယ်ပစ္စည်းဘယ်လိုစျေးကွက်ဖြန့်မယ်၊ ဘယ်လိုပုံစံမျိုးနဲ့ ဖောက်သည်တွေဝယ်ချင်အောင်ဆွဲဆောင်မယ်၊ ဘယ်လို ဝန်ဆောင်မှုတွေပေးမလဲ၊ အစရှိတာတွေကို မေးမြန်စုံစမ်းတာကို marketing research လို့ခေါ်တယ်ဆိုတာ သိလာခဲ့တော့ ငါ marketing ကိုလေ့လာမှရမယ်ဆိုတာ နားလည်လာတယ်။ဒါနဲ့ Graduate Diploma (Ofqual level 6) မှာ စီးပွားရေးစီမံခန့်ခွဲမှုမှာ Marketing ဘာသာရပ်ကိုယူပြီး လေ့လာခဲ့တယ်။ ၄ နှစ်ကတည်းက တရုတ်ကျောင်းနဲ့ မြန်မာကျောင်း စာမေးပွဲတစ်ခုပြီး တစ်ခု ဖြေလာရတဲ့အပြင်ကျောင်းပြီးတော့ တစ်လတစ်ခါလောက် ဆေးကျောင်းမှာ စာမေးပွဲဖြေလာရတော့ စာမေးပွဲပါးဝလာတယ်ဆိုရမယ်။ အတန်းတက်တာ နောက်ကျပေမယ့် လေးလနဲ့ စာမေးပွဲအောင်သွားတယ်။ စာမှာတော့ Theories တွေ၊ Framework တွေနဲ့ပေါ့။ ကိုယ်လုပ်ခဲ့တဲ့လုပ်ငန်းတွေထက် အများကြီးမြင့်နေတယ်။ဒါနဲ့ ငါ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး လုပ်ငန်းတွေ ဘယ်လိုလည်ပတ်လဲ လေ့လာရမယ်ဆိုပြီး အတွေးဝင်ခဲ့တယ်။ ကံကောင်းချင်တော့ ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီတွေ မြန်မာပြည်ထဲဝင်လာတဲ့ အချိန်နဲ့ ကွက်တိကြုံတော့ကမ္ဘာထိပ်တန်းဆေးကုမ္ပဏီတစ်ခုမှာ product specialist လုပ်ရင်း sales and marketing အပြင် သူ့ရဲ့ CHRIS (Common Human Resource Information System), CRM (Customer Relationship Management) System, သူတို့ရဲ့ Project Management တစ်ခုလုပ်ပုံ၊ Product တစ်ခုကို management လုပ်ပုံ၊Brand တစ်ခုကို စီမံခန့်ခွဲပုံတွေကို လေ့လာခွင့်ရခဲ့တယ်။တစ်နှစ်ခွဲလောက်နေတော့ စနစ်တော်တော်များများလဲလေ့လာပြီးပြီ ကိုယ့်ရဲ့ အဓိကရည်မှန်းချက်ကို ပြန်သွားရမယ်လို့စဥ်းစားမိတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်မလိုတဲ့ သို့ ကိုယ့်ရဲ့လိုအပ်မှုအနည်းဆုံးနဲ့ လစဥ်ဝင်ငွေပုံမှန်ရှိတဲ့ စီးပွားရေးလုပ်ငန်း သို့ products အခုနှစ်ဆယ်ကို စမယ်ဆိုပြီးပထမ project ကို March 2014 မှာ စတင်ခဲ့တယ်။ အရင်ကလုပ်မိတဲ့အမှားတွေကို သင်ခန်းစာယူရင်း လူတွေရဲ့ အပြုအမူတွေကို လေ့လာရင်း Social Media နဲ့ Digital Device တွေပေါ်လာတဲ့အချိန်မှာ လူတွေဘာတွေလုပ်နေလဲ၊ ဘာတွေစဥ်းစားနေလဲဆိုတာ အလွယ်တကူ လေ့လာလို့ရတဲ့ အချိန်ဖြစ်လာခဲ့တယ်။တချိိန်ထဲမှာ Facebook တို့ Digital Channel တွေက ကြော်ငြာရင် တစ်ခါတည်း ရလဒ်ကို ကြည့်နိုင်တယ်ဆိုတာတွေ့တော့ စမ်းသပ်မှုတွေကို ကြိုက်တဲ့ကျွန်တော် marketing ကို ပိုချစ်လာခဲ့တယ်။ ငယ်ငယ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့တဲ့ သုညက စခဲ့တဲ့ ကျွန်တော့်အတွက် Digital Marketing ဆိုတာ ဘူမိနက်သန်ဖြစ်လာခဲ့တယ်။ ကြော်ငြာလိုက်တဲ့ ငွေတိုင်းက ပိုပိုပွားလာတဲ့ ရွှေခေတ်ကို ဖြတ်သန်းခဲ့ရတယ်။ နောက်ပိုင်း ဒီ ရွှေခေတ်အလွန်အတွက် စဥ်းစားရင်း Personal Brand တစ်ခု တည်ဆောက်ဖို့၊ Content Marketing ကို သေချာလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စမ်းသပ်လိုက် လုပ်ကိုင်လိုက်၊ Social listening လုပ်လိုက်နဲ့ ကျွန်တော့်ရဲ့ အဓိကလုပ်ငန်းတွေအပြင် side hustle တွေဖြစ်တဲ့ ToeTet.com, www.Dreamlab.news, Akyanpay.com တို့လို projects တွေ စဖြစ်လာတယ်။ကျွန်တော် စမ်းသပ်ရတာကိုကြိုက်တယ်။ သင်ယူ လေ့လာရတာကိုကြိုက်တယ်။ လူတွေရဲ့ စဥ်းစားတွေးခေါ်ပုံ၊ အပြုအမူနဲ့ စိတ်ပညာတွေလေ့လာရတာ ကြိုက်တယ်။ အမြဲတိုးတက်ပြီး အပြောင်းအလဲတွေကိုလေ့လာရတာကြိုက်တယ်။ ဒါနဲ့ ဒါတွေအားလုံးစုထားတဲ့ Marketing ဆိုတာကို ချစ်လာဖြစ်တယ်။(P.S. ဒါကြောင့် ၂၀၁၃ ဒီဇင်ဘာလကစပြီး UK စာမေးပွဲဖြေမည့်သူတွေအတွက် marketing သင်ကြားပေးလာရာက နောက်ပိုင်း အခြေခံ Marketing 101 လို တစ်ရက်သင်တန်းတွေ၊ လုပ်ငန်းရှင်တွေအတွက် စရိတ်နည်းပါး၊ ထိရောက်မှုဆပွား Guerrilla Marketing Plan (GMP) သင်တန်းတွေအပြင် ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို monetize လုပ်ချင်သူတွေအတွက် Guerrilla Marketing Masterminds (GMM) နဲ့ Guerrilla Marketing Coach (GMC) သင်တန်းတွေကိုပို့ချပေးခဲ့တယ်။၂၀၂၀ Jan ကစလို့ Coaching clients တွေနဲ့ အလုပ်တော်တော်များလာတဲ့အတွက်အပြင် Covid-19 ကြောင့် Public Training တွေ သိပ်မလုပ်ဖြစ်တော့ဘူး။ Toetet.com မှာတော့ Marketing 101 နဲ့ GMP ကိုတင်ပေးထားပါတယ်။)Sapwar.com – Marketing for Explosive Growth

Please Login to ကျွန်တော်နဲ့ မားကတ်တင်း

or