© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Team Alignment Map

or

Team Alignment Map ဘယ်လိုရေးဆွဲမလဲ?
Team Alignment ဆိုတာကတော့ ပူးပေါင်းလုပ်ဆောင်ရတဲ့လုပ်ငန်းဆောင်တာတွေမှာ လုပ်ဆောင်ရတဲ့ အလုပ်တွေ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတဲ့ ရလဒ်ကို ဆုံးဖြတ်ပေးနိုင်စေတဲ့ အချက်တစ်ချက်ဘဲဖြစ်ပါတယ်။
Team Alignment Map ဆိုတာကတော့ Joint Objectives, Joint Commitments, Joint Resources, Joint Risks ဆိုတဲ့အချက်လေးချက်ကို အခြေခံထားတဲ့ နည်းဗျူဟာကျ နည်းလမ်းတစ်ခုပါ။
✨ Joint Objectives
Team Alignment Map တစ်ခုကို team တစ်ခုမှာရှိတဲ့ team members တွေရဲ့ တူညီတဲ့ သဘောထားတဲ့ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ထားခြင်း တစ်နည်းအားဖြင့် Joint Objectives နဲ့ စတင်ရပါတယ်။ ဒီရဲ့ ရည်မှန်းချက်ပန်းတိုင်က Team တစ်ခုရဲ့ mission လဲဖြစ်ပြီး တစ်ဦးချင်းစီက ထားရှိတဲ့ goal တွေနဲ့လဲ ထပ်တူကျနေဖို့အတွက်လိုပါတယ်။
✨ Joint Commitments
Joint Objectives ကို သတ်မှတ်ပြီးသွားတဲ့အခါမှာ နောက်ကလိုက်လာရမယ့်အဆင့်ကတော့ Joint Commitments ကို ဆုံးဖြတ်ဖို့အတွက်ဘဲဖြစ်ပါတယ်။ ဒီအချက်ကိုစဉ်းစားတဲ့အခါမှာ အဖွဲ့ထဲမှာရှိတဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ရတဲ့အလုပ်တွေကိုလဲထည့်သွင်းစဉ်းစားရမှာဖြစ်သလို team အတွင်းမှာ ယုံကြည်မှုနဲ့ တာဝန်ယူ တာဝန်ခံမှုကိုလဲ အခြေခံထားရမှာဖြစ်ပါတယ်။
✨ Joint Resources
Team တစ်ခုရဲ့အောင်မြင်မှုက လိုအပ်တဲ့အရင်းမြစ်တွေ စနစ်တကျ ခွဲဝေအသုံးပြုနိုင်ခြင်းနဲ့လဲ သက်ဆိုင်ပါတယ်။ Joint Resources မှာဆိုရင်တော့ team member တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ အားသာချက်တွေ၊ စွမ်းရည်တွေကို ရှာဖွေဖော်ထုတ်ပြီး အသိမှတ်ပြုစဉ်းစားရမှာဘဲဖြစ်ပါတယ်။ Team Member တစ်ဦးချင်းစီရဲ့ အရည်သွေးတွေကို ပေါင်းစပ်အသုံးပြုနိုင်မှာသာ လိုအပ်တဲ့ အရင်းမြစ်တွေကိုလဲ လိုအပ်တဲ့နေရာမှာစနစ်တကျဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
✨ Joint Risks
အခက်အခဲတွေမရင်ဆိုင်ရတဲ့ အလုပ်ဆိုတာမရှိပါဘူး။ ဒီလိုဘဲ project တစ်ခုမှာလဲ ကြုံလာနိုင်ချေရှိတဲ့ အခက်ခဲတွေ ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေရှိပါတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားပြီး နည်းဗျူဟာတွေချမှတ်ထားနိုင်ဖို့၊ proactive ဖြစ်စွာ တုံ့ပြန်နိုင်ဖို့၊ ခံနိုင်ရည်ရှိဖို့၊ လိုက်လျောညီထွေဖြစ်နေစေဖို့အတွက်ကိုလဲစီစဉ်ထားရပါမယ်။
Team Alignment Maps ဆိုတာကတော့ Team နဲ့အလုပ်လုပ်ရတဲ့နေရာတွေမှာ အောင်မြင်မှုဆီကို လှမ်းနိုင်ဖို့အတွက် လမ်းပြပေးနိုင်တဲ့ ဗျူဟာတစ်ခုဖြစ်ပြီး စနစ်တကျ ပေါင်းစပ်အသုံးပြုနိုင်ဖို့လိုပါတယ်။
Team Alignment Map အကြောင်းကို ကောင်းကောင်းနားလည်ပြီး Team Alignment Map Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of map and text that says "sapwar ···· Team Alignment Map ဘယ်လိုရေးဆွဲမလဲ? ဘယ်လို ရေးဆွဲမလဲ https://sapwar.com"