© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

You need to subscribe before accessing this content.
Click Here to see pricing.

Marketing Environment Analysis

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Marketing Environment Analysis

or

Marketing Environment Analysis ပြုလုပ်တတ်ပြီလား?
Marketing Environment Analysis ဆိုတာကတော့ မားကတ်တင်းပြုလုပ်ဆောင်ရွက်ရာမှာ ပြင်ပပတ်ဝန်းကျင်ကနေ လွှမ်းမိုးနေတဲ့အချက်တွေကို လေ့လာစမ်းစစ်ခြင်းဘဲဖြစ်ပါတယ်။
Marketing Environment Analysis ပြုလုပ်ဖို့အတွက်ဆိုရင်တော့ political, economic, social, technological, environmental, and legal ဆိုတဲ့အချက်တွေကို လေ့လာစမ်းစစ်ဖို့အတွက်လိုပါတယ်။
❄️ Political Factors
Political factors လို့ခေါ်တဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့အချက်လက်တွေမှာဆိုရင်တော့ အစိုးရရဲ့ ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဉပဒေတွေပါဝင်ပါတယ်။ ဒီအချက်တွေကတော့ မားကတ်တင်းနည်းဗျူဟာတွေမှာ သက်ရောက်မှုရှိတဲ့အတွက် သေချာလေ့လာစမ်းစစ်ဖို့လိုပါတယ်။
ဥပမာအားဖြင့် ကုန်သွယ်ခြင်းနဲ့ဆိုင်တဲ့ ပေါ်လစီတွေက နိုင်ငံတကာ မားကတ်တင်းလုပ်ငန်းစဉ်တွေမှာ သက်ရောက်မှုတွေရှိနိုင်သလို၊ အခွန်စည်းမျဉ်းစည်းကမ်းတွေက ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်မှုတွေမှာ သက်ရောက်မှုတွေရှိနိုင်ပါတယ်။
❄️ Economic Factors
Economic factors ( စီးပွားရေးနဲ့ သက်ဆိုင်တဲ့အချက် ) တွေကတော့ စားသုံးသူတွေရဲ့အပြုအမူနဲ့ ဝယ်ယူခြင်းမှာ အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။
ဒီနေရာမှာဆိုရင်တော့ ငွေကြေးဖောင်းပွနှုန်းတွေ၊ ငွေကြေးလဲလှယ်နှုန်းတွေနဲ့ တခြားစီးပွားရေးဆိုင်ရာအချက်တွေက ဝယ်ယူသူတွေရဲ့ ယုံကြည်မှုနဲ့ သုံးစွဲမှုတွေအပေါ်လွှမ်းမိုးနေပါတယ်။
❄️ Social Factors
Social factors မှာဆိုရင်တော့ ယဉ်ကျေးမှုဆိုင်ရာလွှမ်းမိုးမှုတွေ၊ ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ ဝယ်ယူမှု အလေ့အထတွေ၊ ခေတ်ခါအလိုက် ရေပန်းစားမှုတွေက ဖောက်သည်တွေရဲ့ ကြိုက်နှစ်သက်မှုနဲ့ အပြုအမူတွေကို ပုံဖော်နေပါတယ်။
ဉပမာအားဖြင့် ကိုယ်သတ်မှတ်ထားတဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို demographics အချက်အလက်တွေအရ ကုန်ပစ္စည်း ပုံစံတွေ၊ မားကတ်တင်းပြုလုပ်ရတဲ့ပုံတွေ၊ ဖြန်ဖြူးရတဲ့ လမ်းကြောင်းတွေပြောင်းလဲသွားရတာမျိုးပါ။
❄️ Technological Factors
တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲမှုတွေစဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ Technological Factors တွေကလဲ ထိရောက်တဲ့ မားကတ်တင်းပြုလုပ်နိုင်ဖို့အတွက် အရေးပါပါတယ်။
Technological Factors တွေကိုအသုံးပြုပြီး customer experience ပိုကောင်းအောင် ဆောင်ရွက်ပေးတာတွေ၊ Channel အသစ်တွေရှာဖွေအသုံးပြုတာတွေကိုပါ ဆောင်ရွက်နိုင်ပါတယ်။
❄️ Environmental Factors
Environmental factors ကတော့ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်ဝန်းကျင်ကြားရှိအပြန်လှန်သက်ရောက်မှုတွေပါဘဲ။ ဒီအချက်မှာဆိုရင်တော့ Ecological footprint တွေကို လျော့ချတာ၊ environmentally friendly ဖြစ်စေတဲ့ နည်းတွေကိုကျင့်သုံးတာ၊ ပတ်ဝန်းကျင်ကို ပိုထိန်းသိမ်းနိုင်ဖို့ အသိပညာဖြန့်ဝေပေးတာတွေပြုလုပ်နိုင်ပါတယ်။
❄️ Legal Factors
Legal factors မှာဆိုရင်တော့ အစိုးရကနေ ချမှတ်ထားတဲ့ စည်းမျဉ်း ဉပဒေတွေနဲ့ ကိုယ့်လုပ်ငန်းလည်ပတ်ခြင်းတွေကို ဆက်နွယ်စဉ်းစားရမှာဘဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကြေငြာခြင်းလုပ်ငန်းစဉ်တွေကစပြီး product labeling လုပ်တဲ့နေရာအထိ မားကတ်တင်းပြုလုပ်တဲ့အချိန်ခါတွေအပါအဝင် ချိန်ငြိစဉ်းစားရမှာဖြစ်ပါတယ်။
❄️ The Integration of Factors
Marketing Environment Analysis တစ်ခုလုံးကို ခြုံငုံမိစေဖို့အတွက် အချက်တစ်ချက်ချင်းစီကို စနစ်တကျ လေ့လာစီစစ်ရမှာဖြစ်သလို တစ်ချက်နဲ့တစ်ချက်ကြားဆက်သွယ်နေတဲ့ အချက်တွေကိုလဲ လေ့လာသိရှိထားရမှာဖြစ်ပါတယ်။
ဒီအချက်တွေကို အားလုံးစနစ်တကျပေါင်းစပ် အသုံးပြုနိုင်တဲ့အခါမှာတော့ မားကတ်တင်းဆောင်ရွက်သူတို့အနေနဲ့ ကိုယ့်လုပ်ငန်းနယ်ပယ်ကို အကောင်းဆုံးပုံဖော်နိုင်မှာဘဲဖြစ်ပါတယ်။
Marketing Environment Analysis အကြောင်းကို ကောင်းကောင်းနားလည်ပြီး Marketing Environment Analysis Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar .··· Marketing Enviroment Analysis ပြုလုပ်တတ်ပြီလား? https://sapwar.com"