© 2024 Sapwar.com.

You need to subscribe before accessing this content. Click Here to see pricing.

Key points to assess your target market

You need to subscribe before accessing this content.
Click Here to see pricing.

Key points to assess your target market

You need to subscribe before accessing this content.
Click Here to see pricing.

Please Login to Key points to assess your target market

or

Target Market ကို ဘယ်လိုလေ့လာမလဲ?
Target Market ကို လေ့လာသိရှိဖို့အတွက်ဆိုတာ မားကတ်တင်းပြုလုပ်သူတို့အဖို့ အခရာကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။
Target Market ကို လေ့လာသိရှိနိုင်ဖို့အတွက်ဆိုရင်တော့ စနစ်တကျဖန်တီးထားတဲ့ Template တွေကိုလဲ အသုံးပြုနိုင်ပါတယ်။
Target Market ကို လေ့လာစမ်းစစ်ဖို့အတွက်ဆိုရင် စနစ်တကျ လေ့လာစမ်းစစ်ခြင်း၊ ဝေဖန်ခွဲခြားမှုတွေပြုလုပ်ခြင်းနဲ့ ideal customer တွေဆီကို ရောက်ရှိစေဖို့အတွက်ဆောင်ရွက်ရပါမယ်။
Target Market ကို စနစ်တကျလေ့လာနိုင်ဖို့ အချက် ( 8 ) ချက်ပေါ်အခြေခံပြီး လေ့လာနိုင်ပါတယ်။
✨ Demographic Information
Target Market ကို စနစ်တကျလေ့လာစမ်းစစ်ဖို့အတွက် အခြေခံကတော့ Demographic နဲ့ သက်ဆိုင်တဲ့အချက်လက်တွေကို လေ့လာစမ်းစစ်ဖို့အတွက်ပါ။
ဒီနေရာမှာ ကိုယ့်လုပ်ငန်းရဲ့ audience တွေနဲ့ သက်ဆိုင်တဲ့ အသက်အရွယ်၊ ကျား/မ၊ နေထိုင်ရာဒေသ၊ ဝင်ငွေ၊ အလုပ်အကိုင် အစရှိတဲ့ အချက်လက်တွေကို ရှင်းလင်းအောင်သတ်မှတ်ဖို့လိုပါတယ်။ ဒီအချက်လက်တွေကို စနစ်တကျသတ်မှတ်ခြင်းက ကိုယ့်ရဲ့ audience နဲ့ ကိုက်ညီနဲ့ သတင်းအချက်လက်တွေကို ကိုက်ညီမှုရှိတဲ့ ချန်နယ်တွေကနေ ပေးပို့နိုင်ဖို့အတွက် အကူညီပေးနိုင်ပါတယ်။
✨ Psychographic Information
ဒုတိယအရေးကြီးတဲ့အချက်ကတော့ Psychographic အချက်အလက်တွေဖြစ်တဲ့ နေထိုင်မှုပုံစံတွေ၊ တန်ဖိုးထားမှုတွေ၊ စိတ်ဝင်စားမှုတွေ၊ ခံယူချက်သဘောထားတွေ အစရှိတဲ့အချက်တွေကို လေ့လာစမ်းစစ်ဖို့ပါဘဲ။
ဒီအချက်အလက်တွေက ကိုယ့်ရဲ့ Target Audience ကို သေချာနားလည်သဘောပေါက်စေပြီး အချိတ်အဆက်ပိုပြီးမိစေတဲ့အပြင်၊ သင့်လျော်ကိုက်ညီတဲ့ message တွေကို ပေးနိုင်ဖို့အကူညီပေးနိုင်ပါတယ်။
✨ Behavioral Patterns
Target Market ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ရေပန်းစားမှုတွေနဲ့ အပြုအမူပုံစံတွေကို လေ့လာစမ်းစစ်ဖို့အတွက်လဲ အရေးကြီးပါတယ်။
Target Market ရဲ့ ဝယ်ယူမှုပုံစံတွေ၊ Brand Loyalty တွေနဲ့ ဆုံးဖြတ်ချက်ချတဲ့ ပုံစံတွေ အစရှိတဲ့ behavioral pattern တွေကို သိရှိထားခြင်းအားဖြင့် audience ရဲ့ ကြိုက်နှစ်သက်မှုတွေ၊ motivate ဖြစ်စေတဲ့ အရာတွေနဲ့ ကိုက်ညီမှုရှိတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်စွမ်းရှိလာစေပါမယ်။
✨ Pain Points and Challenges
အောင်မြင်တဲ့ မားကတ်တင်းနည်းဗျုဟာတစ်ခုမှာ Audience တွေ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲတွေနဲ့ Pain Points တွေကိုလဲ မေ့ထားလို့မရပါဘူး။
ကိုယ့်ရဲ့ Target Audience တွေ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေ အခက်အခဲတွေကို လေ့လာသိရှိထားပြီး ဒီအတွက် အဖြေရှာဖို့အတွက်လိုပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းက audience တွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လေလေ၊ သူတို့ရဲ့ စိတ်ထဲမှာ နေရာယူနိုင်လေလေပါဘဲ။
✨ Competitor Analysis
ကိုယ်နဲ့ လုပ်ငန်းတူ နယ်ပယ်ထဲက ပြိုင်ဖက်တွေအကြောင်းကိုလဲ လေ့လာသိရှိထားဖို့လိုပါတယ်။
ကိုယ့်ပြိုင်ဖက်တွေရဲ့ အားသာချက်၊ အားနည်းချက်၊ နည်းဗျူဟာတွေ စတာတွေကို သိရှိလေ့လာထားမှသာ ကိုယ့်လုပ်ငန်းကနေ ထူးခြားတဲ့အသွင်တစ်မျိုးကိုဖန်တီးနိုင်မှာလဲဖြစ်ပြီး marketing approach ကိုလဲ ပြောင်းလဲဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
✨ Communication Preferences
Target Audience အနေနဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုရယူလေ့ရှိတယ်ဆိုတာကိုလဲ လေ့လာသိရှိထားဖို့အတွက်လိုပါတယ်။
တချို့တွေက social media တွေကိုနှစ်သက်ကြပေမယ့် တချို့တွေကတော့ traditional advertising တွေကိုဘဲနှစ်သက်နေကြတဲ့အတွက် ကိုယ့်ရဲ့ target audience တည်ရှိတဲ့နေရာကိုသိမှသာ ပိုပြီးထိရောက်တဲ့ ကုန်ပစ္စည်း ( သို့ ) ဝန်ဆောင်မှုတွေကို ဖြန့်ဖြူး ပေးနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။
✨ Technology and Trends
ယနေ့ခေတ်မှာ နည်းပညာကလဲ consumer behavior ကို ပုံဖော်နိုင်တဲ့အတွက် လေ့လာသိရှိထားဖို့အတွက်လိုပါတယ်။
ကိုယ့်ရဲ့ audience တွေက ဘယ်လို device တွေကို အသုံးပြုလဲ၊ ဘယ်လိုအချိန်တွေမှာ အသုံးပြုလဲ၊ ဘယ်လို platform တွေမှာ တည်ရှိတက်လဲ စတဲ့အချက်တွေကို လေ့လာသိရှိထားမှသာ audience နဲ့ ကိုက်ညီတဲ့ မားကတ်တင်းနည်းဗျူဟာတွေကို ဖြစ်ပေါ်နေတဲ့ Trends တွေနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
✨ Setting Measurable Goals
နောက်ဆုံးအချက်အရေးကြီးတာကတော့ တိုင်းတာနိုင်ဖို့အတွက် Goals တွေစနစ်တကျချမှတ်ဖို့အတွက်ပါဘဲ။
ကိုယ့်ရဲ့ မားကတ်တင်း objectives တွေနဲ့ ကိုက်ညီမှုရှိတဲ့ Key Performance Indicators ( KPIs ) တွေကို ချမှတ်ထားပြီး လေ့လာစောင့်ကြည့်ကာ လိုအပ်သလိုပြုပြင်ပြောင်းလဲမှုတွေအချိန်မှီလုပ်ဆောင်ရမှာဘဲဖြစ်ပါတယ်။
Target Market ကို လေ့လာနိုင်ဖို့အတွက် အချက်တစ်ချက်ချင်းစီကို စနစ်တကျလေ့လာဆောင်ရွက်ပြီး၊ အချက်အားလုံးပေါင်းစပ်အသုံးပြုနိုင်ဖို့အတွက်လိုပါတယ်။
Target Market အကြောင်းကို ကောင်းကောင်းနားလည်ပြီး Keys Points to access your Target Market Template ကို အကျိူးရှိရှိအသုံးချလိုတယ်ဆိုရင်တော့ Sapwar Website မှာ အသုံးပြုနိုင်ပါပြီ။
Sapwar Marketing
လှည့်ကြည့်စရာမလိုတဲ့ Marketing Team တည်ဆောက်ပါ။
May be a graphic of text that says "sapwar .··· Target Market ကို ဘယ်လိုလေ့လာမလဲ? % https://sapwar.com"